










ဖွံ့ဖြိုးရေးစီမံကိန်း ပရိုဂရမ်အတော်များများ၌ အောက်ဒိုးလေ့ကျင့်ခန်းလုပ်ဆောင်ရန်နေရာများသည် ယခုအခါ အင်ဒိုးလေ့ကျင့်ရေးခန်းမများလိုပင် အရေးပါသောအစိတ်အပိုင်းတစ်ရပ်ဖြစ်လာပါပြီ။ အထူးသဖြင့် Fitness Center များ၊ ဟိုတယ်နှင့် အပန်းဖြေနားနေစခန်းများ၊ အိုးအိမ်ဖွံ့ဖြိုးရေးစီမံကိန်းအသစ်များက ၎င်းတို့၏ အရည်အသွေးတန်ဖိုးကိုမြှင့်တင်ရန်အတွက် လိုအပ်ကြသည်။တော်ရုံတန်ရုံအပြင်မထွက်ချင်သူများ သဘာဝလောကနှင့် ထိတွေ့ပြီးလေ့ကျင့်ခန်းကို ပို၍အချိန်ကြာကြာလုပ်ဖြစ်အောင် ရည်ရွယ်ဒီဇိုင်းပြုထားသည်။
အောက်ဒိုးကစားကွင်းနေရာများတည်ဆောက်ရာ၌ Seara က ဥရောပအခြေစိုက် MyEquilibria နှင့် KOMPAN ကုမ္ပဏီများတင်သွင်းသည့် ကုန်ပစ္စည်းများကို ကိုယ်စားပြုပေးထားသည့် အီတလီကုမ္ပဏီတစ်ခုဖြစ်သော MyEquilibria ကဒီဇိုင်းပိုင်းအထူးကောင်းမွန်ပြီး ကိုယ်အလေးချိန်ဆိုင်ရာလေ့ကျင့်ခန်းများနှင့် နေ့စဉ်ဘဝ လှုပ်ရှားမှုအကျိုးပြုလေ့ကျင့်ခန်းများကို အဓိကထားသည်။ ဖန်တီးမှုအတွက် သဘာဝလောကထံမှ စိတ်ကူးကွန့်မြူးမှုယူပြီး ၎င်းတို့ထဲမှစက်ကိရိယာကို လူတွေအလွယ်တကူ အသုံးပြုနိုင်အောင် ထင်ရှားပေါ်လွင်အောင် ဒီဇိုင်းထုတ်ထားပါသည်။
ဒိန်းမတ်ကုမ္ပဏီတစ်ခုဖြစ်သော KOMPAN ကမူပြင်ပနေရာများ၌ ၎င်း၏စက်ကိရိယာများကို အသုံးပြုနေစဉ်၌ ကာယဉာဏဆိုင်ရာ ရွှင်လန်းတက်ကြွမှုကို အားပေးပါသည်။ ကလေးကစားကွင်းများမှအစပြု၍ ကာယလေ့ကျင့်ရေးနေရာများအထိ KOMPAN ၏ ဖန်တီးမှုတိုင်းကို စိတ်ကြိုက်ပုံစံရွေးချယ်ပြုလုပ်ပေးထားခြင်း ဖြစ်ပါသည်။
ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ
NexxtGrip Outdoor Sports Modular Tiles System
Decoflex Softcourt Outdoor Acrylic Flooring System
Rephouse Decoflex D Series Outdoor Rubber Flooring System
MyEquilibria My Tree - လူနေအိမ်ရာသုံးကိရိယာများ
ACT Global Turfscape Synthetic Grass for Playgrounds
Plexipave Outdoor Acrylic Sports Flooring System
KOMPAN လုပ်ငန်းသုံး Play စနစ်များ