ပညာရေး
ဈေးကွက်ကို ဦးဆောင်ခြင်း
အင်ဒိုချိုင်းနားကျွန်းဆွယ်တဝှမ်းရှိ ပညာရေးအဖွဲ့အစည်းများသည် Seara အတွက်အလွန်အရေးပါသည့် ဈေးကွက်အစိတ်အပိုင်း တစ်ခုဖြစ်သည်။ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအဆင့်၌ ပုဂ္ဂလိကနှင့် အစိုးရကျောင်းများ၊ နိုင်ငံတကာအဆင့်၌ တက္ကသိုလ်၊ ကောလိပ်၊ နိုင်ငံတကာစာသင်ကျောင်းများက ၎င်းတို့၏ကျောင်းတွင်း၊ ကျောင်းပြင်ပအားကစား အထောက်အကူပစ္စည်းများ၊ အပန်းဖြေအနားယူခြင်းဆိုင်ရာ ပရိုဂရမ်များ၊ အသက်အရွယ်အတန်းအစားအလိုက် ကိုယ်ကာယကြံ့ခိုင်ရေးနှင့် ပြေးခုန်ပစ်လေ့ကျင့်ရေးစင်တာများအတွက် Seara ကိုရှာဖွေကြပါသည်။
ဤနှစ်များအတွင်း Seara က ကျောင်းပေါင်းများစွာနှင့်မြဲမြံစွာလက်တွဲဆက်ဆံနိုင်အောင် ထိန်းသိမ်း တည်ဆောက်ခဲ့ပါသည်။ Seara ၏ နာမည်ကို၎င်းတို့၏အရည်အသွေဂကြောင့်သာလျှင်မဟုတ် လူနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းခံများကြောင့် ဖြေရှင်းရန်လိုအပ်သည့် မြေပြင်ပြဿနာများနှင့် ကြုံရသည့်အခါတွင်မဆိုင်းမတွတုံ့ပြန်ဖြေရှင်းမှုတို့အတွက်လည်း အသိအမှတ်ပြုခံရသောကြောင့်ဖြစ်သည်။ Seara ၌ အင်ဒိုချိုင်းနားကျွန်းဆွယ်တဝှမ်းရှိ မြေပြင်အခြေအနေများနှင့်ပတ်သက်သည့် အတွေ့အကြုံများ၊ ပညာရေးနှင့်သက်ဆိုင်သော ပံ့ပိုးမှုအင်္ဂါရပ်အစုစု(Educational Facilities)တို့ကို ထောက်ပံ့ပို့ဆောင်ရေးအတွက် အစီအစဉ်ရေးဆွဲခြင်းအတွေ့အကြုံများစွာရှိပါသည်။