






Concept2 သည် အိမ်တွင်ဖြစ်စေ၊ gym တွင်ဖြစ်စေ ကာယလေ့ကျင့်ခန်းများကောင်းမွန်စွာ လေ့ကျင့်နိုင်စေမည့် အရည်အသွေးမြင့် လေ့ကျင့်ရေးစက်ကိရိယာများကို ထုတ်လုပ်လာခဲ့သည်မှာနှစ်ပေါင်း ၄၀ ကျော်ပြီဖြစ်သည်။ အကောင်းဆုံးဖြစ်အောင်ရည်စူး၍လုပ်ဆောင်ပါက လှေလှော်လေ့ကျင့်ခန်းအတွက် အသုံးပြုရသော ကြွက်သား အရေအတွက်မှာ ကယ်လိုရီအများအပြားလောင်ကျွမ်းစေနိုင်ပါသည်။ လေလှော်လေ့ကျင့်ခြင်းဖြင့် လက်ဖျားခါ ရလောက်သော အေရိုးဘစ်ကာယလေ့ကျင့်မှုနှင့် ခန္ဓာကိုယ်အလယ်ပိုင်း ကြံ့ခိုင်မှုတို့ကိုရရှိနိုင်ပါသည်။ လှေလှော် လေ့ကျင့်ရာတွင် လုပ်ဆောင်ရသောလှုပ်ရှားမှုများက အရိုးအဆစ်များကိုကျန်းမာသန်စွမ်းစေသည့်အပြင် သင်၏ ခန္ဓာကိုယ်အထက်ပိုင်းနှင့်အောက်ပိုင်းကြွက်သားများကိုလည်း ပိုမိုသန်စွမ်းကြံ့ခိုင်စေပါသည်။ အကယ်၍ သင့်အနေနှင့် တစ်ရက်လျှင်လေ့ကျင့်ခန်းလုပ်ရန်မိနစ်အနည်းငယ်မျှသာအချိန်ပေးနိုင်သည်ဆိုလျှင် ခန္ဓာကိုယ် တစ်ခုလုံးအသုံးပြုရသော လှေလှော်လေ့ကျင့်ခန်းသည် အခြားလေ့ကျင့်ခန်းများကမပေးစွမ်းနိုင်သည့် ထိရောက်အကျိုးရှိသောကာယလေ့ကျင့်မှုမျိုးကိုပေးစွမ်းနိုင်ပါသည်။