







Octane ၏မူပိုင် SmartStride တုံပြန်မှုကောင်းသောစွမ်းရေးမြှင့်တင်ရေးစက်များသည် လေ့ကျင့်သူ၏ အဟုန်နှင့် ဦးတည်ရာကို လေ့လာဆန်းစစ်ပြီး ပိုမိုသက်သောင့်သက်သာရှိစေရေး၊ ပုံစံစုံလင်စေရေးနှင့် စိန်ခေါ်မှုဖြစ်စေရေး အတွက် လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းနှင့် ပြေးခြင်းတို့အတိုင်း ပုံစံတူဖြစ်အောင် ခြေလှမ်းအကျယ်ကို အလိုအလျောက် ချိန်ညှိပေးနိုင်သည်။ Octane ၏ ထိခိုက်နာကျင်မှုလုံးဝကင်းသော ကာဒီယိုလေ့ကျင့်ရေး စက်များကို လမ်းလျှောက်ခြင်း၊ ရွရွပြေးခြင်းနှင့် ပြေးခြင်းတို့ကဲ့သို့သော သဘာဝလှုပ်ရှားမှုများနှင့်အညီဖြစ် အောင် လူသားဇီဝယန္တရားအပေါ်အခြေခံကာ အတိအကျဒီဇိုင်းထုတ်ထားသည်။ နီးကပ်သောအကွာအဝေး ဖြစ်သည့် ၁.၈ ပေ(၅၄ စင်တီမီတာ)ရှိသော ခြေနင်းပြားက ခန္ဓာကိုယ်ကို ခေါင်းမှခြေဖျားအထိ မှန်မှန်ကန်ကန် တည့်မတ်စေပြီး နောက်ကျောနှင့်အရိုးအဆစ်များအပေါ်ဖိအားသက်ရောက်မှုအနည်းဆုံးဖြစ်အောင် လျှော့ချပေးသည်။
Octane Fitness ခြေနင်းလေ့ကျင့်စက်များ(elliptical)၏ အမှတ်အသားလက္ခဏာများထဲမှတစ်ခုမှာ လေ့ကျင့်သူများအနေဖြင့် မိမိကိုယ်ကိုယ်ပြင်းထန်သောလေ့ကျင့်ခန်းများဖြင့်စိန်ခေါ်နိုင်ပြီး လေ့ကျင့်စဉ်နှင့် လေ့ကျင့်ပြီးနောက်တွင်လည်း ခံစားချက်ကောင်းမွန်နေစေခြင်းပင်ဖြစ်သည်။
ယခုအခါ ပို၍စုံလင်သောခြေလှမ်းအတိုင်းအတာပမာဏအဖြစ် ၂၀ လက်မ(၅၀ စင်တီမီတာ) မှ ၂၈ လက်မ(၇၁ စင်တီမီတာ) အထိပြောင်းလဲနိုင်ပြီဖြစ်သော XT4700 သည် အရပ်အမောင်းနှင့် မတူညီသောခြေလှမ်းအကျယ် အားလုံးနှင့်ကိုက်ညီမှုရှိအောင် ချိန်ညှိပေးနိုင်ပြီး သဘာဝကျသောလှုပ်ရှားမှုကိုပေးစွမ်းနိုင်ပါသည်။
ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ
Life Fitness Integrity စီးရီး ကာဒီယိုလေ့ကျင့်ရေး
Life Fitness Elevation စီးရီး ကာဒီယိုလေ့ကျင့်ရေး
Life Fitness Activate စီးရီး ကာဒီယိုလေ့ကျင့်ရေး
Life Fitness Platinum Club စီးရီး ကာဒီယိုလေ့ကျင့်ရေး
Octane Fitness Air Dyne စက်ဘီးနင်းစက်
Acti-Motive ကာယကြံ့ခိုင်ရေး နည်းပညာ
Octane Fitness ထိခိုက်နာကျင်မှုအနည်းဆုံး လေ့ကျင့်ရေး