







လေ့ကျင့်ခန်းသည် ဖိအားဖြစ်စေသဖြင့် ခန္ဓာကိုယ်သည် လေ့ကျင့်ခန်းနှင့် ကောင်းမွန်စွာအသားကျလာစေရေး အတွက် ပြန်လည်တည်ဆောက်ရန်အချိန်လိုအပ်သည်။ Power Plate ဖြင့် တစ်နေ့လျှင်မိနစ်အနည်းငယ်မျှ နှိပ်ပေးရုံဖြင့် သွေးဖြူလင့်ထွက် အောင်နှိုးဆွပေးပြီး နာကျင်မှုကိုသက်သာစေကာ ထိခိုက်သွားသော ကြွက်သားနှင့် အရွတ်များကို လျှင်လျှင်မြန်မြန်ပြန်လည်ကောင်းမွန်စေသည်။ ထို့ပြင်အရိုးအဆစ်များ၏ လုပ်ဆောင်မှုကိုတိုးတက်စေပြီး အားအင်ပြန်ပြည့်လာအောင်လည်းကူညီပေးနိုင်ပါသည်။ ထိုမျှသာမကဘဲ မူပိုင်ခွင့်မှတ်ပုံတင်ထားသော ဘက်ပေါင်းစုံ တုန်ခါမှုကြောင့်လည်း အထူးတလည်အားစိုက်ထုတ်ရန်မလိုဘဲ Power Plate ကိုအသုံးပြုပြီး လေ့ကျင့်ခန်းလုပ်ဆောင်နိုင်မည်လည်းဖြစ်သည်။ ပုံမှန်အသုံးပြုရုံမျှနှင့်ပင် မြန်မြန်ဆန်ဆန်ပြင်ဆင်နိုင်မှု၊ ပိုမိုကောင်းမွန်စွာလုပ်ဆောင်နိုင်မှုနှင့် လျှင်လျှင်မြန်မြန်ပြန်လည်သက်သာမှုတို့ကို ခံစားရမည်ဖြစ်သည်။